၂၀၂၆ စာစောင်

သင်ဘာကိုရှာဖွေနေပါသလဲ ?

Brother Matthew
Taizé

လူတော်တော်များများသည် မိမိအသက်ရှင်မှု ဘဝကို စူးစမ်းရှာဖွေ နေကြသည်။ သူတို့ ရှာဖွေနေသော အရာများသည် ဖန်သားပြင်ပေါ် မှာ အချိန်တော်တော်များများ လွယ်ကူစွာ ကတိပြုထားသော အရာ ထက်ပိုပါသည်။ လူသားများကို အလုပ်အတွက် ဖန်ဆင်းထားခြင်း မဟုတ်ပါလော။ ဤအရာကိုရှာဖွေရန် ဘာကစွမ်းဆောင်ပေးပါ သလဲ။ ယုံကြည်ခြင်းဖြစ်ပေါ်သည့်အချိန်မှာ ကျွန်ုပ်တို့ မိမိကိုယ်ကို ပြန်မေးသည်မှာ ဘုရားဘာလိုချင်နေပါသလဲ။ ကျွန်ုပ်တို့လိုချင်ဒါ တော်တော်များတယ်။ ဘုရားနှင့်လှောက်လှမ်းနေမဲ့ လမ်းက ဘယ် လမ်းဖြစ်မလဲ။

ပြီးခဲ့တဲ့ နှစ်များကသိုင်ဇေးကို လာရောက်သော လူငယ်များမှာ ယူကရိန်း၊ ပါရှစ်စတိုင်း၊ လီဗာနွန်၊ နီကာရာ ဂူယာ၊ မြန်မာနှင့် စစ်ပွဲ နှင့်ပဋိပက္ခဖြစ်နေသော နေရာများမှ ဖြစ်တယ်။ သူတို့ရဲ့ယုံကြည် ခြင်းနှင့်သာတို့ တမ်းတသောတရားမျှတမှုနှင့် ငြိမ်းချမ်းခြင်းများ သည် ကျွန်ုပ်တို့စိတ်ခွန်အား ဖြစ်ပေါ်စေသည်။ ဂါဇာတွင် နေထိုင် သော မိသားစုသက်သေခံချက်များကိုလည်း ကြားသိခဲ့ရသည်။ ဓါးစာခံဖမ်းဆီးထားသူတို့၏ နာကျင်မှု မြင်တွေ့နိုင်ခဲ့သည်။ ကြမ်း တမ်းအုပ်ချုပ်သူတို့၏ အောက်တွင် တရားမျှတမှုရှာဖွေသူတို့၏ ငိုကြွေးသံများ ကြားခဲ့ရသည်။

သိုင်းဇေးဘသိုင်းအဝိုင်းက ညီနောင်များနှင့် အချိန်ပေးခဲ့သည်။ သူတို့သည် ဘရာဇီးနှင့် ကူဘားနိုင်ငံ၌ သေးငယ်သောကျောင်းသား စုသည် ကြီးမားသော မညီမျှခြင်းနှင့် ကျွန်ပြုခြင်းအမွေ ရိုက်ခတ်မှု ခံခဲ့ရသည်။ သို့သော် အရှုံးမပေးသေးသော လူများသည် ဆင်းရဲဆုံး လူများအတွက် တိုက်ပွဲဝင်နေကြဆဲ ဖြစ် သည်။ ကျွန်ုပ်အထင်က ဆလ်ဗာဒိုမြို့ လူ့အသိုင်းဝိုင်းကဖြစ်ပြီးအိမ်ခြေမဲလူများ ဘုရား ကျောင်းတွင် အိပ်စက်ကြပြီး တစ်ဦးကို ကူညီကြသည်

ဂျူဘားတွင် ဇွဲထက်သန်သော လူများသည် ကြီးမားသော အခက် အခဲဒုက္ခရင်ဆိုင်နေကြရသည်။ အဖွားအိုတစ်ဦးသာ မြေးကျောင်း စရိတ်အတွက် သူစုဆောင်းငွေများနှင့် လိုအပ်သည်ကို ကူညီပေး နေသည်ကို တွေ့မြင်ခဲ့ရသည်။ တခြားကျူဘားများနည်းတူ သူ၏ မိခင်သည် တိုင်းပြည်ကို စွန့်ခွာပြီး ဘဝ ရှေ့ရေးအတွက် ပြည်ပ ထွက်ခွာသွားကြသည်။

နေရာတော်တော်များများမှာ လူတွေစဉ်းစားနေတာကတော့ ဒုက္ခ ရောက်နေသောသူများ ရိုင်းပင်ကူညီ ရန်သူရရှိသော လွတ်လပ်ခွင့် ဖော်ပြနေကြသည်။ သူတို့သည်သူတို့၏ဆန္ဒဖြစ်သေချစ်ခြင်းနှင့် ကူညီခြင်းဖြင့် အဓိပ္ပါယ်ရှိသော ဘဝဖြင့် ကူညီစောင့်ရှောက်ရန် နည်းလမ်းကောင်းများ ရှာဖွေနေကြသည်။

ကျွန်ုပ်ကမ္ဘာလှပခြင်းနှင့် ပြည့်နက်နေသည်။ ဒါပေမဲ့တရားမျှတမှု ကင်းမဲ့နေသည်။ ဒီအတွက် ကျွန်ုပ် ကျရှုံးလျှင် ဘယ်အပိုင်းတွင် ပါဝင်နေသလဲ။ ကျွန်ုပ်ဘာလုပ်ပေးနိုင်မလဲလို့ တောင်းဆိုမှုများ ရှိနေသည်။ ဒီမေးခွန်းက ကျွန်ုပ်ရင်တွင်းခံစားချက်သည် ဘဝ၏ ရှုပ်ထွေးမှုနှင့် ရွေးချယ်စရာများကြုံတွေ့နေရမှုများကို ရင်ဆိုင်ရ သည်။

သံယောဟန်ကျမ်းမှ သခင်ယေရှုပဥမဆုံးစကား 'သင်ဘယ်အရာ ကို ရှာဖွေနေပါသလဲ' တဲ့

ကမ္ဘာတိုက်ကြီးလေးတိုက်နိုင်ငံများမှ သိုင်းဇေးလုပ်အားပေးများ၏ မေးခွန်းကို မျှမေးပေးခဲ့သည်။ အကျိုး ဆက်ကတော့ သူတို့ပြောပြ ချက်မှရရှိသော စေတသိက်ပင်ဖြစ်သည်။

သူတို့ဘဝတွင် ခရစ်တော်၏ခေါ်တော်မူခြင်းကို ပိုနားလည်ရန် သိုင်းဇေကို ရောက်ရှိလာသော သူအပေါင်း နှင့် လုပ်အားပေးတွေ့စုံ အချိန်ပေးသော အသိုင်းအဝိုင်းအုပ်စုဆုတောင်းခြင်းရဲ့ ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။

Brother Matthew

 

တိတ်ဆိတ်မှုရှာဖွေခြင်း

သိုင်းဇေတွင် တစ်ပါတ်ပြည့်သောအခါ၊ ဘယ်အရာသည် အရေးကြီး ဆုံးလဲလို့မေးသည့်အခါ လူငယ်အများ ကတော့ တိတ်ဆိတ်မှုရဲ့ အတွေ့အကြုံကို ပြောပြကြတယ်။ ကမ္ဘာထဲတွင် အလျင်အမြန် ဆက်သွယ်မှုနှင့် အစဉ်မပြတ်ရွေ့လျားနေမှုသည် အံ့ဩစရာပင် ဖြစ်သည်။

ဘယ်သောအခါမှ မကုန်ဆုံးနိုင်သော ရလဒ်ကို အချိန်ယူပြီး အဆက်အသွယ်ဖြတ်ခြင်းမှ ရရှိပြီး တခါတရံ ဆိတ်ငြိမ်းမှုတွင် တကဲ့အတွေ့အကြုံကို ကျွန်ုပ်တို့ ရင်ဆိုင်ကြရပြီး၊ ၎င်းအပြင် ကြီးမား လက်တွေ့ကျမှုကို မြင်လာရပြီ။

ဘုရားသခင်၏ လှပသော ဖန်ဆန်းခြင်းတွင် လေတိုက်ခတ်အသံ၊ ချောင်းရေစီးသံနှင့် ငှက် တေးဆိုသံသည် ကျွန်ုပ်တို့စိတ်ဖမ်းစားနိုင်ပြီး အတွင်းစိတ်ငြိမ်သက်မှုဆီ ပို့ဆောင်ပေးသည်။ ဤသို့အား ဖြင့် ပေါင်းစည်းမှုဖြစ်ပေါ်လာမှုသည် ထိတွေ့စမ်းသပ်မှုကို ပေးသည် ကြယ်တွေစုံတဲ့ညသည်အံဩစရာ များ ပြည်နက်လျက်ရှိသည်။(၁)

ယေဇူးသည် ကမ္ဘာပေါ်သို့ တိတ်ဆိတ်စွာ ရောက်ရှိလာသည်။(၂) (နှုတ်ကပတ်တော်ကသက်ဖြစ်ပြီး ကျွန်ုပ်တို့အလယ်၌ ဆံပယ်တော်မူ၏။ (၃) ဘုရားနှင့်အတူရှိနေပြီးအရာအားလုံးမစတင်မီက ဘုရား ဖြစ်လျက် ကျွန်ုပ်တို့ဘဝနှင့်တူ ရှိနေရန် ရိုကျိုးခြင်းအားဖြင့် နိမ့်ကျစွာ မွေးဖွားသန့်စင်လျက် တိတ်ဆိတ် သောည (၄)တွင် အမှောင်ညကို အလင်းဆောင်ခဲ့သည်။

ဤတိတ်ဆိတ်မှုသည် ဗလာသက်သက်မဟုတ်ပဲ တွေ့ဖို့နေရာဖြစ်လာရသည်။ တိတ်ဆိတ်မှုတွင်ကျွန်ုပ်တို့ တစ်ဦးတည်းမဟုတ်။ ကျွန်ုပ်ရုန်းကန်ရခြင်းသည် ကျွန်ုပ်စိတ်သည်ဗျာများလျက်ရှိသောကြောင့်ဖြစ်သည်။ သိုင်းဇေး၏ စည်းမျဉ်းအရ သင်၏စိတ်ပြန့်နှံ့နေကြောင်း၊ သင်သိလိုက်သည့် တခဏခြင်းမှာ ဆုတောင်းပါ၊ ရှာကြံပြီး အပစ်မဖို့ပါနှင့် (၅)

ရာစုများစွာအခါကတစ်ဦးတစ်ယောက် ဆုတောင်းသည်မှာ နှလုံးသားကပြောနေသည်၊ (ဘုရား၏ မျက်နှာတော်ကိုရှာပါ) ဘုရားမျက်နှာတော်ကို ကျွန်ုပ်ရှာပါမယ်။ (၆) ဆိတ်ငြိမ်မှုတွင် ကျွန်ုပ်၏စိတ် ဘုရား မျက်နှာတော်ကိုအဖန်တလဲလဲရှာဖွေပါမည်။ ဆုတောင်းခြင်းသည် ပထမဆုံးသော စိတ်ဆန္ဒ ဖြစ်သည်။ (၇) ဘုရားမျက်မှောက်ရှေ့တွင် ဆိတ်ငြိမ်းခြင်း ငြိမ်သက်ခြင်းကို တမ်းတသည်။ ဆုတောင်း မတတ်လျှင် ဝိညဉ်တော်ဘုရားရှိတယ်၊ ကျွန်ုပ်နှလုံးသားထဲတွင် ပင့်သက်ဇွဲနက်နက်ရှိုင်းရှိုင်းဆုတောင်း ပေးနေသည်။ (၈) နှံလုံးသား၏ နက်ရှိုင်းသော အပိုင်းနားထောင်သည့်အခါ ဝိညဉ်တော်ဘုရား-ဆံပယ် နေကြောင်း သိရှိနားလည်ရသည်။ ကျွန်ုပ်နှင့်ဘုရားအကြားအသက်ရှုခြင်းကို ထိတွေ့ခံစားရသည်။

အသက်ရှင်သောဘုရား တိတ်ဆိတ်မှု၌ သင်ကိုရှာတွေ့ပါရစေ။ လှပစွာဖန်ဆင်းခြင်း၌၎င်း နှုတ်က ပတ်တော်နားထောင်ခြင်း၌၎င်း၊ သင်၏ စိတ်နှိမ့်ချခြင်းကို ကြိုဆိုလျက်ဘုရားကို ရှာတွေ့နိုင်ပါစေ။

ဘုရားရှေ့မှောက်နေ့စဉ်ပြဝပ်လျက် တိတ်ဆိတ်အချိန်ပေးနိုင်ဖို့ ()မိနစ်အချိန်ပေးပါ။ ကျမ်းစာပိုဒ် ဖတ်မှုပါ။ ကုန်လွန်ခဲ့သော နေ့ရက်မှ ရရှိသူကျေးဇူးများကို ကျေးဇူးတင်ပါ (သို့) ဘုရားနှင့်အချိန်ပေးပါ။

 

ဦးတည်ချက်ကိုရှာဖွေခြင်း

တိတ်ဆိတ်ခြင်းသည် တကဲ့သိသာမြင်သာမှုဖြစ်နိုင်၏။ ရွေးချယ်သောလမ်းကို ရှာဖွေသည့်အခါ ကျွန်ုပ်တို့ ၏ ရင်တွင်ခံစားမှုကို တိတ်ဆိတ်ခြင်းက ပေးနိုင်၏။ တာဝန်ခံရွေးချယ်မှုပြုလုပ်နိုင်ရန် စိတ်တွင်း လွတ်လပ်မှုလိုအပ်သည်။ လွတ်လပ်မှု ကျွန်ုပ်တို့ခံယူထားသော ကန့်သတ်ချက်ပါဝင်သည်။ သို့သော် ကြောက်ရွံ့ခြင်း၊ မရှိစေရ၊ ကြောက်ရွံ့ခြင်း ကောင်းသောအကြံပေးမဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ် နှလုံးသားကို တင်းကျပ်မှုမပေးပါ။

လူတိုင်းဟာ ပိုင်ဆိုင်ခြင်းနှင့် လုံခြုံခြင်းနှစ်ခုလုံးကို ရှာဖွေကြသည်။ စစ်မှန်သော အသက်ရှင်ခြင်းရှာဖွေ သည့်အခါတစ်ခါတရံမှာ ကျွန်ုပ်တို့မည်သူဖြစ်ကြောင်းကို အခြားလူများက ကူညီရှာဖွေပေးသည်။ ကျွန်ုပ် တစ်ဦးမှ ရှာဖွေနိုင်သည်များကို အခြားသူများရှာဖွေပေးသည်ကို အံ့ဩစွာတွေ့မြင်ရသည်။

သံယောဟန်ကျမ်း၌ လူငယ်နှစ်ဦးဂျော်ဒန်ချိုင့်ဝှမ်းတွင် သူတို့ရဲ့ဆရာယောဟန်ဘက်စတစ်နှင့် နေထိုင် ကြသည်။ ယောဟန်ဘက်စတစ်သည် သူတို့နှစ်ဦးကို ယေဇူးဆီပို့ဆောင်ပေးခဲ့သည်။ သူတို့လည်း သူ့ဆီမှ ထွက်ခွာသွားကြသည်။

ယေဇူးသူတို့ကိုမေးသည်မှာ - ''သင်တို့ဘာကို ရှာဖွေနေကြတာလဲ'' သူတို့ပြန်ဆိုသည်မှာ ''အရှင်သခင် ဘယ်မှာနေပါသလဲ" သူတို့အား ပြောသည်မှာ ''ငါ့နောက်လိုက်ခဲ့ သင်တို့တွေ့လိမ့်မယ်''။ (၉)

ထိုမေးခွန်းနှစ်ခုသည် ခရစ်တော်ကို ရှာဖွေတွေ့ရှိခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘဝကိုဆန္ဒဖြင့် အစ ပြုပြီး ကျွန်ုပ်တို့၏ မြင့်မြတ်သော ဘဝသို့ ရောက်ဖို့ဖော်ပြခြင်းဖြစ်သည်။ ''သင်ဘာကိုရှာဖွေနေလဲ" ယေဇူးလူအဖြစ်နဲ့ ရင်ဆိုင်တွေ့ဆုံခြင်းဖြစ်သည်။ ''အရှင်သခင်ဘယ်မှာနေပါသလဲ"

ယေဇူးဖိတ်ခေါ်သည်မှာ ''လာ၍ ကြည့်လော" သိမ်ဓမ္မနူးညံသောနှလုံးသားမှ ဖိတ်ခေါ်ခြင်း၊ သင့်ကို ချစ်သည်မှာ အကြွင်းမဲ့ဖြစ်ပြီး လုံခြုံမှုရှိပြီး မကျဆုံးနိုင်ပေ။ ရဲဝံ့စွာတုန်ပြန်ဘို့ ဖင်လေးခြင်းနှင့် သံသယ မရှိစေနှင့်။

ယေဇူးသင့်နောက်လိုက်ရန် လမ်းပြပေးတော်မူပါ။ (၁၀)

ယေဇူးဆီပို့ဆောင်ပေးပါသည်မည်နည်း။ အချိန်ပေးပြီးသာသူတို့ကို ကျေးဇူးစကားဆိုပါ။

 

ဝမ်းမြောက်ခြင်းကို ရှာဖွေခြင်း

သိုင်ဇေးတစ်ဦးပြောပြသည်မှာ ''သူတို့နိုင်ငံတွင် အသက်ရှင်နေနိုင်ရေးအတွက် လောကတွင် အရာရာကို ပေးထားပေမဲ့လည်း ရုန်းကန်နေကြသည်။ သူတို့၏ စိတ်တွင်းမှာတော့ ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှား ခြင်းနှင့် စိတ်ဖိစီးမှု၊ စိုးမိုးလျက်ရှိသည်။

ကျွန်ုပ်တို့အနီးအနားတဝိုက်မှာတော့ ဝမ်းမြောက်ခြင်းကတိစကားများနှင့် ရင်ဆိုင်နေရသည်။ ဒါပေမဲ့ ရေရှည်မှာဝမ်းမြောက်ခြင်းများ ဆုံးရှုံးနေ၏။ တခဏတာ ပျော်ရွှင်ဝမ်းမြောက်လောက်ဘဲပေးနိုင်၏။

ကျွန်ုပ်တို့ကို ချစ်ခင်ကြောင်းနာလည်ရချိန်တွင် ကျွန်ုပ်တို့မည်သူဖြစ်ကြောင်း သိလာရသည်။ ဝမ်းမြောက် ခြင်းသည် ဆုလဒ်တစ်ခုဖြစ်ပြီး ရယူသောအရာတစ်ခုမဟုတ်ပါ။အဆင်သင့် ကြိုဆိုဖို့အတွက်တော့ တွေ့လာရမှာဖြစ်သည်။ အင်အားသုံးရယူခိုင်စရာမဟုတ်ပေ။ သက်တောင့်သက်သာ ခံယူရရှိမှာ ဖြစ် တယ်။

ယေဇူးနှင့် သူ့မိတ်ဆွေများလက်ထပ်ပွဲဖိတ်ခြင်းခံရသည်။ (၁၁) ခဏကြာမှာတော့ ဧည့်ခံသော ဝိုင်အရက် ကုန်သွားသည်။ အဲ့ဒီခဏတွင် တစ်ခုခုလိုနေသည်။ ယေဇူးသည် ဆင်းရဲသားတို့အလယ်မှာရှိသည်။ သူတို့နှင့် တွေ့ဆုံသောအခါ သူတို့မျှော်လင့်ထားဒါထက် ပို၍ပေးခဲ့သည်။ သူတို့ဝမ်းမြောက်ပျော်ရွှင်မှုကို လိုလား သည်။ သူတို့ ဝမ်းမြောက်မှုကို ပို၍ လိုလားသည်။ ဖြစ်နိုင်သမျှသာ လုပ်ဆောင်ပေးခဲ့သည်။(၁၂)

ကိုကာဇာမြို့တွင် အချိန်တုန်းက ကရုဏာသီလရှင်ကျောင်းတော်ကြီးအောက်မေ့ခဲ့သည်။ မာသာန် ထရေဇား၏ အဆိုအမိန့်ကို နံရံပေါ်တွင်တွေ့ရသည်။ သတိပေးဒါကဘုရားသည် ပြီးပြည့်စုံခြင်းကို မလို လားပေ။ ကျွန်ုပ်တို့၏ နွံပါးမှုကိုသာ လက်ခံသည်။ တစ်ချိန်လုံး ခွန်အားရှိဖို့မလိုအပ်ပေ။

ကျွန်ုပ်တို့ဟာ သိပ်မကောင်းဘူးလို့ ကျွန်ုပ်တို့အတွင်းစိတ်ကို ပူပန်စေသည်။ ဤသို့ဖြစ်ရခြင်းသည် မကြာခဏ ဟန်ဆောင်မှုသည် ကျွန်ုပ်တို့၏ တကယ့် လူမဟုတ်ကြောင်းပြသည်။ သို့သော် ခရစ်တော်ရှေ့ တွင် လက်ချည်းသက်သက်လို့ လက်ခံသည့်အခါ ခရစ်တော်သည် အနည်းငယ်စီဆင်းရဲမှုကို ပြောင်လဲပေး သည်။

ကျွန်ုပ်တို့ဝမ်းနည်းသည့်အချိန်မှာတောင် ဝမ်းမြောက်ခြင်းကာလအဝေးရောက်နေပြီး ဝမ်းမြောက်ခြင်းကို ယေဇူးပြောပြသည်။ မည်သူမှ ယူလိုမရနိုင်ပေ။(၁၃)

ကျွန်ုပ်တို့ကယ်လိုအခြေအနေမျိုးမှာဘဲရှိရှိ ကရုဏာရှင်ဘုရားကို ကြိုဆိုပါသည်။ သင်တို့ကို ချစ်ကြောင်း နားလည်သည့်အခါ ကျွန်တော်ဘယ်တော့မကုန်ဆုံးတဲ့ ဘဝလမ်းဖွင့်ပေး၍ ကျွန်တော်တို့ကို ဝမ်းမြောက် ခြင်း စမ်းရေပေါ်လာမည်ကို ပြပေးတော်မူပါ။

အခြားသူများ ဝမ်းမြောက်ဖို့အတွက် ထောက်ရှုစဉ်းစားပေးပါ။ အသံအားဖြင့် မဟုတ်ဘဲ လူချင်းတွေ့ဖို့ လုပ်ပါ။ တခါတရံနိမ့်ချသော စိတ်ဖြင့် ကူညီမှုဒါနပြုပါ။ ကျွန်ုပ်တို့ မျှော်လင့်ထားဒါထက် အထူးသဖြင့် ကျွန်ုပ်ကူညီသောသူမျက်နှာပေါ်တွင် ဝမ်းမြောက်မှုတွေ့ရန် မျှော်လင့်ပါသည်။

 

ဆိုလိုရင်းအဓိပ္ပါယ်ရှာဖွေခြင်း

သိုင်းဇေးတွင် တစ်ဦးစီတိုင်းတွင် ဆိုလိုရင်းအဓိပ္ပါယ်စာငတ်နေကြသည်။ ရေငတ်ပြေဖို့ ဘယ်နေရာမှာ ရှာဖွေမှာလဲ။ ကျွန်ုပ်တို့၏ အလုပ်များနေသောဘဝတွင် ကျွန်ုပ်တို့အတွင်းမှာ မေတ္တာမျှဝေနေကြောင်း တီးတိုးသံကြားနေရသည်။

ခေါင်းဆောင်နီကောဒီမတ်(စ်)ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေနေသူသည် သခင်ယေဇူးအကြောင်းကြားသိ လိုက်သည်။(၁၄) သူ့ထင်မြင်ချက်များ စကားလုံးဖြစ်လာဖို့ ညအချိန် သခင်ယေဇူးထံ လာရောက်တွေ့ဆုံ သည်။

ကျွန်ုပ်တို့ယုံကြည်ခြင်း၏ လေးနက်သောမေးခွန်းမှာ သေခြင်းနှင့် ရှင်ခြင်း၊ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို ဖွင့်ဟဖို့ မေ့ကျန်နေသည်။ နီတောဒီမတ်(စ်)ကိစ္စလို ဖွင့်လာပြောဆိုလာမှ ကျန်ကျေနပ်မှုရခဲ့သည်။

ကျွန်ုပ်တို့ရှာဖွေသည့်အခါမှာ ကျွန်ုပ်တို့ထုတ်သည့်မေးခွန်းများ ဘဝဇစ်မြစ်ဆီရောက်လာဖို့ထိ မေးခွန်း နောက်လိုက်လာဖို့ဖိ ဖြစ်သည်။ ကျွန်ုပ်တို့ရှာဖွေသည့် မေးခွန်းအားလုံးရှာမတွေ့နိုင်ပါ။ ဒါပေမဲ့လည်း အရဲစွန့်ပြီး ခရစ်တော်နောက်လိုက်ခဲ့၍ ရောက်လာသည့် နေရာသည် ကျွန်ုပ်တို့ မိမိသည် ဘုရား စိတ်ထား ကြည်ကြည်လင်လင်ယုံကြည်ဖို့ပဲဖြစ်တယ်။ (၁၅) ဒါမှသာ ဘုရားပေးသော ချစ်ခြင်းမေတ္တာနှင့် ကောင်း မြတ်ခြင်းကိုမှာ တွေ့မှာဖြစ်တယ်။

ယေဇူးဘ၀အဓိပ္ပါယ်မှာ လူသားမျိုးနွယ်ကို စီရင်ဖို့မဟုတ် လူသားတိုင်းနားလည်စေဖို့ဘုရားကို ချစ်တယ် ဆိုတဲ့သူတို့ကြောင်းဖြစ်သည်။ ပို၍ မြင့်မြတ်သော မေတ္တာအတွက် သူလမ်းပြခဲ့သည်။ သူ၏ လျှို့ဝှက်ချက် ဖြစ်သည်။

နိကောဒိမတ်(စ်)အလင်းဆီသို့ တစ်လှမ်းချင်းလှမ်းခဲ့သည်။ တစ်နှစ်နှစ်နှစ် (က) သည့်အခါယေဇူးနှင့် တွေ့ဆုံပြီးသည့်အခါဂျေဇုဇလင်းမြို့အာဏာပိုင်များကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့သည်။ (၁၆) လအနည်ငယ်ကြာ ယေဇူးတိုင်ပေါ်ရောက်သည့်အခါမှာ သူရဲ့ဇွဲသတ္တိကိုပြခဲ့သည်။ (၁၇) သူသည် အရဲစွန့်ပြီး ယေဇူးမိတ်ဆွေ များနဲ့ပေါင်းဖက်ခဲ့သည်။ သူ၏ ဇွဲသတ္တိသည် ယေဇူးအသိုင်းအဝိုင်းဆီပို့ပေးသည်။ ကျင်နာသောအလင်း တော် ကျွန်ုပ်အား ဝမ်းနည်ကြေကွဲခြင်းကင်းဝေးအောင် ဦးဆောင်ပေးပါ။ ရှေ့ရေးမျှော်တွေးမနေတော့ပါ။ ခြေတစ်လှမ်းက ကျွန်ုပ်လုံလောက်ပါပြီ။ (၁၈)

ဘဝအဓိပ္ပါယ်ရှာတွေ့သူများ စည်းရုန်းပါ။ တချို့က သူတို့၏ ယုံကြည်ခြင်းမှဖြစ်ပြီး တချို့တော့ကျတော့ လု်ပဆောင်မှုကြောင့်ဖြစ်ပြီး တချို့ကျတော့အဖြေမထုတ်နိုင်ပေ။ မျှဝေခြင်းနှင့် နားထောင်ခြင်းတစ်ဦးကို တဦးအားပေးသည်။ သန့်ရှင်းသောဝိဉာဉ်တော် ဘုရား၏တေးသီချင်းဆိုပြီးအဆုံးသတ်ပါ။

 

မျှတသော ကမ္ဘာကိုရှာဖွေခြင်း

တရားတမျှတမှုမရှိခြင်းသည် သက်ရှိ သက်မဲ့အရာ တစ်ခု (သို့)နှစ်ခု သုံးခုပျက်စီးခြင်း။(၁၉) မညီမျှမှုများအကြမ်းဖက်မှု၊ ဖိနှိပ်မှု(သို့)စစ်ပွဲ စိတ်လှုပ်ရှားမှုတစ်ခုလုံးကို မွှေမှုသည် မခံမရပ်နိုင်ဖြစ်ခြင်း၊ ဒေါသ၊ ဝမ်းနည်းမှု၊ တစ်ခါတရံဝမ်းနည်းကြေကွဲခြင်းဖြစ်စေသည်။ ဒါပေမဲ့ မှန်မှန်တုန့်ပြန်ဖို့ ဆုံးဖြတ်သည်။ ဒီထက်ကျော်လွန်သော ထင်မြင်ချက် ကန့်သတ်မှုအန္တရာယ်မကျရောက်နိုင်မှာမဟုတ်ပေ။(၂၀) ကျွန်ုပ်တို့ လုပ်နည်းစနစ် အကျဉ်းသားအမြတ်စွန့်စားရပြီး ကျွန်ုပ်လူအသိုင်း အဝိုင်းကို တိုက်ခိုက်မှုတွင် အစွန်း ၂-ဘက်သို့ရောက်စေသည်။

ကျွန်ုပ်စည်းဝိုင်းအပြင်ဘက်ကို ထွက်ပြီး သဘောတူညီရန်မဖြစ်နိုင် သော စိန်ခေါ်မှုကို ကျွန်ုပ်တို့နှင့်မတူသော အမြင်များ လက်ခံကြရ အောင်။

တခါတရံမှာ ရှုပ်ထွေးသော တကယ့်ဖြစ်ရပ်များကိုင်စွဲနိုင်ဖို့အစဉ်သင့် ဖြစ်နေဖို့လိုသည်မှာ အဖြေမရှာနိုင်သည့်အခါမျိုးတွင် ဖြစ်သည်။ (၂၁) မတူညီ သောဘက်မှ အကြောင်းအရာများပြားရသည် ရင်သပ်ရှုမော ဖြစ်ပြီး ဒီအကြောင်းများကို နားမထောင်ဘဲနေလျှင် မတရားရာကျမည်။

သိုင်းယေးဘုရားကျောင်းတွင် ညနေဆုတောင်းဝတ်ပြုပြီးသည့်အခါ အမျိုးသမီးငယ်တစ်ဦးပြောပြသည်မှာ 'ကျွန်ုပ်၌ရှိနေ အကြမ်းဖက်မှု မှတ်မိနေပြီး ကျွန်မဘေးမှာအာရုံပြုဖို့ရှိနေရမှာဖြစ်သည်။ ကျွန်မ လွတ် မြောက်မှုကိုပေးကြောင်းတွေ့မြင်ရသည်။ ဤခံစားမှု ချုပ်ချယ်ခြင်း (သို့) မရှိကြောင်းဟန်ဆောင်နေမည့်အစားသူနှင့်အတူ ဘုရားဆာငတ်မှု နေရာတွင် ထားရှိသည်။

အန္တရာယ်ရှိသော ပျက်စီးအားများ ကျွန်ုပ်တို့တစ်ဦးစီးကို အုပ်စီးထား သည်။ လူကိုသာမက တနိုင်ငံလုံးကို မကောင်းဆိုးဝါးပူးကပ်စေနိုင် သည်။ ကျွန်ုပ်တို့သည် ခရုခွေကဲ့သို့ အကြမ်းဖက်ကို အစဉ်အမြဲဝါးမြိုခံ ရ၏။ အစုံပြုဆုတောင်းခြင်း၊ နောက်ရှုကြစေသို့ တမျိုးကိုဖြစ်ပေါ် စေသည့်အကြောင်း ကျွန်ုပ်တို့ကို ပေါင်းကူးတံတားဆက်သွယ်ဖို့ ပြန် လည် မိသဟာရဖွဲ့ခြင်းဆီသို့ တွန်းပို့ပေးသည်။

ထက်သန်သောဆုံးဖြတ်ချက်ချနိုင်ဖို့ ဝိညာဉ်တော်ဘုရား လမ်းပြဦး ဆောင်ပေးသည်အသိုင်ဇေးပတ်ဝန်းကျင်အဖွဲ့ကို ဦးဆောင်ပေးခဲ့သော ဘရ်သာရောဂျာသည် ငြိမ်းချမ်းရေးဖော်ဆောင်အများ ဖန်တီးပေးသော အကြမ်းတိုက်ဖက်တိုက်ဖျက်ရေးအကြောင်း ပြောဆိုသည်မှာ သူတို့ကို နှောက်ယှက်ခြင်း မကျရောက်စေသော ကျမ်းစာထောက်မှုလမ်းသို့ ပို့ဆောင်ပေးခဲ့သည်။

ကျမ်းစာကပြောလာသောကောင်းကင်နိုင်ငံရောက်ဖိုယေဇူးသည် ကမ္ဘာ ပေါ်ရှိ တရားမျှတမှုနှင့် စစ်မှန်သော ဆက်သွယ်မှုကို ပေါင်းစည်းပေးခဲ့ သည်။ ဒါပေမဲ့ဘုရားအတွက် နေရာပေးသည့်အနေဖြင့် စိတ်ဆိုးမာန်ဆိုး တလွဲများ မှောက်ပစ်ပြီးဈေးရောင်းသူနှင့် ငွေအရောင်းအဝယ်လုပ်သာ များကို မောင်းထုတ်ပစ်ခဲ့သည်။ အသာယူသည့်သူများကိုအမြဲဆုံးမ ခဲ့သည်။ ဒါပေမဲ့ နီကေသဒီမူ(စ်)ကဲ့သို့ ဘာသာရေးခေါင်းဆောင် ကိုတော့ ကြိုဆိုခဲ့သည်။ ဂျူးဘာသာရေးပုဂ္ဂိုလ်များနှင့် အကျွမ်းတဝင် ရှိ/မရှိသူတို့၏ ဧည့်ဝတ်ပြုမှုကို ခံယူခဲ့သည်။ (၂၄) လူ့အသိုင်းအဝိုင်း ဖယ်ကျဉ်ထားသူများနှင့်အတူ စားသောက်ခဲ့သည်။ ပျောက်သောသူများ ကို အချစ်မပြယ်ခဲ့ပါ။ (အိစရာအလ်လူမျိုး)၂၃ ရောမစစ်အရာရှိ၏ ယုံကြည်ခြင်းကို တန်ဖိုးထားပြီ သူကလေးကုသပေးခဲ့သည်။ အဝေး ရောက်သည့် ဘာသာမဲ့အမျိုးသမီးရဲ့ယုံကြည်ခြင်းနှင့်စိန်ခေါ်မှုလက်ခံ ခဲ့သည်။

ယေဇူးသည် စွန့်စွန့်စားစားလူမျိုးခြားများနှင့်မိတ်ဆွေဖွဲ့တည်ဆောက် ခဲ့သည်။ ဘုရားအဖြစ် မိတ်သဟာရဖွဲ့ခြင်းကို ယေဇူးသည်ယုံကြည် ကြည်တည်ဆောက်ခဲ့သည်။

အမှောင်တွင် အလင်းရောင်တောက်ပသည်ကို သိသည့်အခါ ရိုးရှင်း သော လူသားရဲ့ကောင်းမြတ်ခြင်းဖော်ပြသည့်အခါဘုရားချစ်ခြင်း အောင်မြင်ပြီးလွတ်လပ်စွာ သရုပ်ဆောင်နိုင်သည်။

ခရစ်တော်ယေဇူးသင်လောကတွင်ရှိစဉ် မတရားမှုကို ရှုတ်ချဖို့ ဝန်မလေးပါ။တွေ့သမျှ လူတွေနှင့် ဆက်သွယ်ရေးတံတားတည် ဆောက်မမေ့ပါ။မြေကြီးပေါ်၌ တရားမျှတမှု တိုးတက်ဖို့ကျွန်ုပ်တို့ရဲ့ တံတားတည်ဆောက်မှုစာငတ်ဖို့လူနှင့် နိုင်ငံတိုးတက်စေတော်မူပါ။

 

လူအုပ်စုကိုရှာဖွေခြင်း

သိုင်းဇေးလုပ်အားပေးတစ်ဦးကျွန်ုပ်ကိုပြောပြသည်မှ 'ကျွန်ုပ်ရှိယင်းစွဲ တန်ဘိုးနှင့် ကျမ်းစာတန်ဘိုးအတိုင်း နေထိုင်သွားလိုသည်။ ကျွန်ုပ် ဆုံးဖြတ်ချက်ချချိန်ကိုယ့်ကို မေးမိတာ မေးခွန်းမှာ - ဤအရာသည် ကမ္ဘာနှင့် ကျွန်ုပ်အတွက် လက်ခံနိုင်သလားဘို ဒါဘဲဖြစ်သည်။ ကျူးဆက်ရောဂါကြောင့် သီးသန့်ထားခြင်းနောက် စောင့်ရှောက်သော ကမ္ဘာအတွက် လူအုပ်စုတစ်ခုတည်ဆောက်ရန်အတွက် အဆင်သင့် ဖြစ်ပြီလား။ ကျွန်ုပ်တို့ ဘုံအိမ်တွင် တယောက်ဆီတိုင်းသည် ဘုရား ဖန်ဆင်ထားခြင်းမှ ရရှိသော ကျေးဇူးအားဖြင့် ကျွန်ုပ်တို့အားလုံး တစ်ယောက်စီပိုင်ဆိုင်နေကြသည်။

ယေဇူးကားတိုင်ပေါ်ရောက်သည့်အခါ သူ့နောက် လိုက်အုပ်စုပြိုကွဲသွား သည်။ ဂျူဒစ္စကာရီယုဒ်သစ္စာဖောက်သည်။ ပေတရုငြင်းဆိုသည်။ သူ့အပေါင်းအပါအများသူ့ထံမှ ထွက်ပြေးသွားကြသည်။ ယေဇူးတည် ဆောက်ထားသော ချစ်ချစ်ခင်ခင်ရှိကြသော အုပ်စုမရှိတော့ပြီလို့ တွေ့မြင်ရသည်။ သူ့ကိုငြင်းပယ် ဘာတွေအတွက် သူ့အသက်ကို ပေးဘို့ အဆင်သင့်ဖြစ်နေသည်။ ဒါပေမဲ့ အမှောင်မိုက်ဆုံးရောက်ချိန်တွင် ယေဇူး၏ ခြေတော်ရင်းတွင် လူအုပ်စုအသစ်တဖန်မွေးဖွားလာခဲ့သည်။

ရှင်ယောဟန်ကျမ်းစာအရ အမျိုးသမီးလေးယောက်နှင့်အမျိုးသား တစ်ယောက်၏ နောက်ဆုံးအချိန်တွင် ရှိနေခဲ့သည်။ စကားမြွက်ဆိုခြင်း မရှိဘဲ ရိုးရိုးတန်းတန်းရပ်လျှက်ရှိနေသည်။ ဘာမှမဖြစ်လာနိုင်သည့် အခါမျိုးမှာ တောမှသူတို့သည် သခင်ယေရှုနှင့်ပေါင်းဖက်သက်သေခံ များ ဖြစ်လာသည်။

ရန်လိုခြင်းနှင့် ငြင်းပယ်ခြင်းသည် လူအုပ်စုလိုပြိုကွဲစေသည်။ ယေဇူးကားတိုင်ပေါ်အကျယ်အဖြစ်ကြုံခဲ့ရသည်။ ကြီးမားသော ဒုက္ခခံ ခြင်း၌ပင်လျှင်သူ့အဖွဲ့အစည်းကို ပြန်၍ တည်ထောင်ခဲ့သည်။

ယေဇူးသည် ကားတိုင်ပေါ်မှ မိမိချစ်သော တပည့်တော်ကိုမြင်လျှင် မယ်တော်အား အချင်းအမျိုးသမီးသင်၏ သားကိုကြည့်ပါ။ ထို့နောက် တပည့်တော်ကိုလည်း သားတော်အမိကိုကြည့်ပါဟု မိန့်တော်မူ၏။ သူချစ်သော တပည့်တော်အားလုံးကိုယ်စားပြုသည်။ သူ့အိမ်တော်သို့ ခေါ်ဆောင်သွားသည်။ မိသားစုအသစ်ပေါ်ထွက်လာပြီး ယေဇူးကို

(တိတ်ဆိတ်စွာဒုက္ခခံခြင်း) ပေါ်ထွန်းလာသည်။ ဤအုပ်စုတွင် မပါသော သူရယ်လို့ ဘယ်သူရှိနိုင်မလဲ။

မတရားခံရသူရပ်ပေးဖို့အသင်းတော်က တောင်းဆိုသည်။ ကျွန်ုပ်တို့ လူသားအားလုံးဟာ တစ်ဦးမျက်နှာနှင့်ဖြောင့်မတ်ဖို့အတွက် တစ် ယောက်ချင်းစီကို ကြိုဆိုရမှာဖြစ်သည်။ ဒါမှသာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုနှင့် ပြည့်စုံစေမှာဖြစ်တယ်။

သခင်ယေဇူးဟာ သူ့အလုပ်ကို ခုနှစ်ရက်မြောက်နေ့ ဥပုသ်နေ့အကြို နေ့မှာ အသေခံတော်မူတယ်။ ဖန်ဆင်းခြင်းကိုလည်း ခုနှစ်ရက်နေ့မှာ အဆုံးသတ်ခဲ့တယ်။ ကောင်းမြတ်ကြောင်းတွေ့မြင်ခဲ့တယ်။ ကားတိုင် ပေါ်အသက်ပေးခဲ့သည်ဆုဟာ ဖန်ဆင်းခြင်းရဲ့အစဖြစ်သည်။ သူ ရက် ရက် စက်စက် သတ်ဖြတ်ခံရသည်။ သို့သော်စမ်းစီးထွက်၍ အေးချမ်း စေခဲ့သည်။ ခန္ဓာကိုယ်မှ စီးထွက်သောနေသည့် ဝိညာဉ်တော်ကမ္ဘာမြေ ကို အသစ်တစ်ဖန်ဖြစ်စေသည်။

ယေဇူး၏ခန္ဓာတော်ကို ဥယျာဉ်တော်၌ပျံနှံ့ခဲ့သည့်နေရာသည် ကမ္ဘာ မြေကြီးဖြစ်လာခဲ့သည်။ ခုနှစ်ရက်မြောက်နေ့၌ ငြိမ်းသက်နေခြင်းသည် ဒါဏ်ရာတော်များ ကာကွယ်စောင့်ရှောက်ရမည့်အပိုင်းယုံကြည်စွာ အပ်နှံခဲ့ပြီး လျှို့ဝှက်စွာအဆင်းသဏ္ဍာန်ပြောင်းလဲခြင်းဖြစ်ပေါ်လာ သည်။

ခရစ်တော်ယေဇူးကျွန်ုပ်တို့တစ်ဦးစီအတွက်အဝတ်ပေးခဲ့သည်။ ကျွန်ုပ် တို့ အတွက် လိုလိုချင်ချင်အပ်နှံယူဆောင်ခဲ့သည်။ သင်၏ မိခင်နှင့်အတူ ကားတိုင်ခြေရင်း၌ ချစ်တပည့်များနှင့်အတူရှိကြောင်း ပြောပြချက်ကို ကြိုဆိုလက်ခံပါသည်။

မည်သူနှင့် ရပ်နေရမည်ဟု ကျွန်ုပ်တို့ကို မေးသည်ရှိသော် အုပ်စုအတွေ့ အကြုံကို ဘယ်လိုရခဲ့ပါသလဲ။ ကျောင်းသားများအတူတကွ နေထိုင်ပြီး၊ ဆုတောင်း၍ အတူတကွ စားသောက်ကြသည်။ အဝေးကလာသော ကျောင်းသားများ၊ အြခါးသူများအပတ်စဉ်သူတစ်ယောက်၏ အိမ်၌ ဖြစ်စေ တွေ့ဆုံကြသည်။ အုပ်စုအပြင်ဘက်လူများကို ကြိုဆိုပါက မတရားခံစားမှုကို ရိုးရိုးခံစားရမည်ဖြစ်သည်။

 

ငြိမ်းချမ်းရေးရှာဖွေနေခြင်း

ငြိမ်းချမ်းရေးအရင်ရှာပါ- ဒါမှသာ သင်၌ ငြိမ်းချမ်းရေရှိလာပြီး အခြားသူတွေဆီ ငြိမ်းချမ်းယူဆောင်လာနင်မှာဖြစ်တယ်' (၄၀) လို့ လေးရာစုယုံကြည်သူတစ်ယောက်ပြောဘူးတယ်။

ပါစကားပွဲ နံနက်ခင်းဥယျာဉ်ထဲယေဇူးနှင့် မေရီမယဒလင်တွေ့သည့် အခါယေဇူး သည်မှာ 'ဘာလို့ငိုနေဒါလဲ' 'ဘယ်သူကိုရှာဖွေနေပါသလဲ' (၄၁) ယေဇူးရှင်ပြန်ကြောင်းသိလိုက်သည့်တခဏမှာ အောက်မေ့လိုက် ၍ မျက်ရည်ဝမ်းသာခြင်းစို့ခဲ့ရသည်။ ယေဇူးသည် သူ့အား အခြားသူ များကိုလည်း သူတွေ့ခဲ့ကြားခဲ့သည်များကို ဝေငှရန် လွှတ်လိုက်သည်။

ယေဇူးသူတို့နှင့် တွေ့ပြီးခဏမှာပင် အဆိုကြောက်ရွံ့ခြင်းပြည့်နေကြ သည်။ 'သင်တို့၌ ငြိမ်းချမ်းခြင်းရှိပါစေ' (၄၂)ဟု ဖွင့်ဟဆိုခဲ့သည်။ ပြန်လည်မိတ်သဟရဖွဲ့လုပ်ငန်းပြန်လည်လုပ်ဆောင်သန့်ရှင်းသော ဝိဉာဉ်တော်ဘုရားမှု၏ သွင်းပြီးတာဝန်များ အပ်နှင်းခဲ့သည်။ ယေဇူး သေဆုံးမီသူပြောခဲ့သော ကတိစကားမှာ 'ကမ္ဘာကိုပေးနိုင်သော ငြိမ်းချမ်းခြင်း(၄၃) သည် လောက၌ရှိသော ခိုက်ရန်ဖြစ်ပွားမှု ထက်ပိုပါ သည်။ ကျမ်းဝေါဟာရရှာပုံသည် ပြန်လည်တည်ဆောက်ခြင်းအား အလုံးစုံရရှိသော အသိဖြစ်သည်။ ကျန်ဘုရားပေးသော ငြိမ်းချမ်းခြင်း သည် တာဝန်ယူနိုင်၍ တိုးတက်ကြီးပွားနိုင်သည်။

အခြားသူများအပ်နှံခံထားရသော လွတ်လပ်ခြင်းနှင့်ငြိမ်းချမ်းခြင်းရှာဖွေ တွေ့ရန်ကူညီသည့်အခါ၌၎င်း၊ သူတို့ကို တားစည်းထားသော ဘေးဒုက္ခများ ဖြိုဖျက်သည့်အခါ၌၎င်း၊ နံရံများက စီးထားသည့်အခါ၌ ၎င်း၊ ကျွန်ုပ်တို့ပါဝင်လုပ်ဆောင်ခြင်းသည်ဘုရားသခင်၏ ဘဝတစ်ခု တည်းနှင့် ပေါင်းစပ်ပါဝင်ခြင်းကို ကူညီရာရောက်သည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းခြင်းနှင့်အံဖွယ်ရာများနှင့် ကျေးဇူးတော်များ၊ ပြုစုစောင့်ရှောက် ပေးမှုဖော်ပြနေခြင်းသည် ဘုရားလျှောက်သော လမ်းပေါ်၌ လျှောက် လှမ်းနေခြင်းမဟုတ်ပါလော။

ရှင်ပြန်ထမြောက်သော ခရစ်တော်ဘုရားကျွန်ုပ်တဦးစီအပေါ်ထားခဲ့ သော ကတိစကားအတိုင်း ကျွန်ုပ်တို့အားလုံးငြိမ်းချမ်းရေချိုးနိုင်ဘို့

ပြန်လည်မိတ်သဟာရဖွဲ့ ခြင်းအမှတ်လက္ခဏာများမြင်လာရပြီး၊ ငြိမ်းချမ်းခြင်း ဘုရားဖူးခရီး သည်အဖြစ် ကျွန်ုပ်တို့ကိုယ်စီ ဘုရားပေးသော လမ်းပေါ်တွင်လျှောက် လှမ်းကြသည်။

ကျွန်ုပ်တို့၏ လူမှုရေးနယ်ပယ်တွင် ဒုက္ခရောက်နေသူများ (သို့) အကြမ်းဖက်မှုများမှ ထွက်ပေါ်လာသော အသံများကို နားထောင်ကြ ရမည်။ စစ်မြေပြင်တွင် နေထိုင်သူနှင့်အဆက်အသွယ်ရှိနေဖို့လိုသည်။ ဖိနှိပ်သော အစိုးရအုပ်ချုပ်သော နိုင်ငံ၌ တရားမျှတဖို့ဖော်ဆောင်ပါ (သို့) ဖိနှိပ်မှုကို အားပေးသော အစိုးရများကို ဖော်ထုတ်ပေးပါက သူတို့တွင် သက်သေခံချက်များ ဖော်ထုတ်ဖို့အသင့်ဖြစ်ပြီလား။ ငြိမ်းချမ်းခြင်း အကြိုဆုတောင်းနှင့် သက်သေခံချက်များ ဝေငှပြီး ဝိညာဉ်တော်ဘုရားဝေငှသည် နားစိုက်ထောင်ပါ။

ချစ်ခြင်းမေတ္တာ အရှင်ဘုရားကောင်းချီးပေးတော်မူပါ။ ဝိညာဉ်တော် ဘုရားအားဖြင့် ခရစ်တော်နှင့်လျှောက်လှမ်းများကိုအမြဲတမ်း စောင့် လျှောက်ပေးတော်မူပါ။

Bless us, God of Love, Through the Holy Spirit, always guide our steps as we walk with the Risen Christ. May we seek to become pilgrims of hope, pilgrims of peace.

Coroczne przesłania

Opublikowane ၂၀၂၆ ဖေ ၂၅